ထူးခြားသော သိပ္ပံနည်းကျ အချက်အလက်များ

ထူးခြားသော သိပ္ပံနည်းကျ အချက်အလက်များ

သိပ္ပံက ပျင်းစရာကောင်းတယ်လို့ ဘယ်သူပြောလဲ သိပ္ပံပညာရှင်တွေက  အုန်းရေကို အကြောထဲထိုးသွင်းနိုင်ပြီး မိုနာလီဇာမှာ မျက်ခုံးမွှေးရှိတယ်လို့ မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့ပါတယ် ကမ္ဘာ့ကြီးက ကျနော်တို့ကို အမြဲ အံ့အားသင့်စေပါတယ် ကဲ အောက်မှာဆက်ကြည့်ရအောင်


၁။ စကြာဝဠာမှာ အအေးဆုံးနေရာက ကမ္ဘာကြီးပဲဖြစ်ပါတယ်။ ဖင်လန်နိုင်ငံက သိပ္ပံ ပညာရှင်တွေက လေဆာကို အသုံးပြု၍ အက်တမ်တွေကို အေးခဲအောင်ပြုလုပ်ခဲ့တယ်။ ဒီလိုလုပ်ခြင်းဟာ အက်တမ်တွေကို လုံးဝသဿုံ သုညနဲ့ နီးကပ်သော အပူချိန်တခုကို ရောက်ရှိစေခဲ့ပါတယ်။

၂။ အကယ်၍ ငါတို့ဟာ အက်တမ်တွေထဲက လစ်လပ်နေသော နေရာတွေကို ဖယ်လိုက်မယ်ဆိုရင်
လူသားရင်းမြစ်တခုလုံးဟာ ပန်းသီးတလုံးအတွင်းမှာပင် ဝင်ဆံ့ပါလိမ့်မယ်။

၃။ Raspberry ရက်စ်ဘယ်ရီသီး အရသာကို ပြုလုပ်သောဓာတုဓာတ်ပေါင်းဟာ စကြာဝဠာ အနှံံ့ အပြားမှာ
ပေါများလှပါတယ်။ ဒါကြောင့် စကြာဝဠာရဲ့ အရသာကို မြည်းကြည့်မယ်ဆိုရင် ရက်စ်ဘယ်ရီ အရသာ ထွက်နေပါလိမ့်မယ်

၄။ကမ္ဘာ့မှာ အချောဆုံး အရာဝတ္ထုတွေထဲက တခုကတော့ ဒူးအတွင်းမှာ ရှိတဲ့ ချောဆီပဲဖြစ်ပါတယ်

၅။ကမ္ဘာ့မှာ အကြီးဆုံး သက်ရှိကတော့ အမေရိကား Malheur မှာရှိတဲ့ Armillaria ostoyae ပဲ ဖြစ်ပါတယ် ၎င်းဟာ ၂၁၇၄ ဧကထက်ပိုကြီးပြီး အသက်ကတော့ ၂၄၀၀ရှိပါပြီ

၆။ကင်းမွန်ရဲ့ ဦးနှောက်ဟာ ပေါင်မုန့်အကွေးနဲ့ တူပါသည် ဒါဟာ သူ့ရဲ့ အစာချေ လမ်းကြောင်းစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ကင်းမွန်ရဲ့ သဘာဝကြောင့်အစာတွေဟာ ဦးနှောက်ထဲသို့ ဝင်ရောက်သွားနိုင်ပါတယ် အဲဒီ အခါမှာ ပေါင်မုန့်အကွေးဟာ ကင်းမွန် ကြီးမားတဲ့ အစာတွေ မျိုချတဲ့အခါ ဦးနှောက်ကို ပကတိအတိုင်းရှိနေအောင် လုပ်ပေးပါတယ်

၇။သန်းဟာ အာကာသလွန်းပျံယာဉ်ထက် ပိုမြန်ပါတယ် ၎င်းဟာ တစက္ကန့်ဝက်မှာ ၃၁၄ လက်မ ခုန်နိုင်ပါတယ်

၈။ လူသားတွေရဲ့ အဆုတ်ဟာ တန်းနစ်ခုံရုံး နဲ့ တူညီသော မျက်နှာပြင်ဧရိယာရှိပါတယ်။

၉။ အမျိုးသားတွေမှာ ယောင်္ကျားလေး သို့ မိန်းကလေးဖြစ်ခြင်း မျိုးရိုးဗီဇ အထုံပါမှုရှိပါတယ် အစ်မတွေအများကြီးရှိတဲ့ ယောင်္ကျားလေးတွေဟာ မိန်းကလေးစိတ်ဖြစ်နိုင်ချေပိုများပါတယ်

၁၀။ အောက်စဖို့ တက္ကသိုလ်ရဲ့ လေ့လာချက်အရ  Archerfish ဟာ လူတွေရဲ့ မျက်နှာကို သိမှတ်နိုင်ပါတယ် တိကျမှုက ၈၀% ထက်ပိုပါတယ်

၁၁။ အီဖယ်မျှော်စင်ရဲ့ အမြင့်ဟာ ရာသီဥတု အပေါ် မူတည်ပြီး ပြောင်းလဲပါတယ်။ နွေရာသီ ပူတဲ့ အချိန်မှာ ၅.၉ လက်မထိ တိုးမြင့်နိုင်ပါတယ်။ ပူတဲ့ အခါမှာ သတ္တုဟာ ကျယ်ပြန့်လာပါတယ် ဒါကြောင့် အီဖယ်မျှော်စင်ဟာ နွေရာသီမှာ ပိုကြီးလာခြင်းဖြစ်တယ်

၁၂။ လစ်လပ်နေသော ချန်နယ်လိုင်းများရှိ ဆူညံသံသည် Big  Bang ၏ တပိုင်းတစကျန်ရှိနေသော လက္ခဏာဖြစ်ပါသည်။ ၎င်းဟာ လားရာအနှံ့သို့ ကျယ်ဖြန့်သွားသော အလင်းပေါက်ကွဲမှုနဲ့ စတင်ခဲ့တယ်။ ဆူညံမှုဟာ ပေါက်ကွဲမှုရဲ့ အစိတ်အပိုင်းဖြစ်သည်။ ဒါကြောင့် စကြာဝဠာကြီး စတင်ဖြစ်ပေါ်တုန်းက ကျန်ရှိနေသော အပိုင်းအစ လက္ခဏာ တွေကို အခုထိ ကြားနေရခြင်းဖြစ်တယ်။

၁၃။ ထိုင်းငါး  Cryptotora thamicola ငါးဟာ ကျောက်တုံးတွေပေါ် တက်နိုင်ပါတယ်။ တမျိုးတည်းသော လမ်းလျှောက်နိုင်တဲ့ ငါးလည်း ဖြစ်ပါတယ်။

၁၄။ အနုပညာ ကျွမ်းကျင်သူ Pascal Cotteသည် အထူးစပါယ်ရှယ် ပစ္စည်းများ အသုံးပြု၍ မိုနာလီဇာ ပန်းချီကားကို လေ့လာခဲ့ပြီး မျက်ခုံးမွှေးများရှိခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့တွေပျောက်ကွယ်သွားသဖြင့် ငါတို့တွေ မတွေ့ နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။

၁၅။ ချင်ပန်ဇီ တွေကြားမှာ နီးကပ်သော အထီးမိတ်ဖွဲ့မှုရှိခြင်းဟာ ပဋိပက္ခအတွင်း စိတ်ဖိဆီးမှု အနိမ့်အမြင့်အနေအထား ကိုလျော့ကျစေပါတယ်။
 
၁၆။ဦးနှောက်ဟာ ၁၀ ဝပ်မီးလုံး ကဲ့သို့ အင်အားများများ လိုအပ်ပါတယ် ။ နိုးနေသည်ဖြစ်စေ အိပ်နေသည်ဖြစ်စေ လိုအပ်ပါတယ်။

၁၇။ကော်ဖီ မကြာခဏ သောက်သုံးခြင်းဟာ ရင်သားအရွယ်အစားကို လျော့ကျစေပါတယ်။ တနေ့မှာ ကော်ဖီ ၃ ခွက်သောက် ခြင်းဟာ ရင်သားကို တဖြည်းဖြည်း သေးလာစေနိုင်ပါတယ်။ ကဖိန်းဓာတ်က အဆီကိုလောင်ကျွမ်းစေပြီး ရင်သားက အဆီတစ်ရှူးတွေနဲ့ ဖွဲ့စည်းထားလို့ပါပဲ

Follow us

Log in or create an account