ဆဲလ်ဖုန်းတစ်လုံးနှင့်ကွန်ပျူတာကြား အချက်အလက်တွေ ကူးပြောငး်ပေးနိုင်မယ့် နည်းလမ်းများ

ဆဲလ်ဖုန်းတစ်လုံးနှင့်ကွန်ပျူတာကြား အချက်အလက်တွေ ကူးပြောငး်ပေးနိုင်မယ့် နည်းလမ်းများ

 ယခုလမ်းညွှန်လေးကတော့ ဖုန်းတစ်လုံးနှင့်ကွန်ပျူတာကြား သတင်းအချက်အလက်များ မည်သို့အပေးအယူပြုလုပ်ရမလဲဆိုတာတွေကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။
 
နည်းလမ်း (၁) : Android USB ကိုအသုံးပြုခြင်း
• သင့်ကွန်ပျူတာ၏ USB Port သို့ သင့်ဖုန်းကိုချိတ်ဆက်ရန် Data Cable (ဒေတာ USB ကြိုး) ကိုအသုံးပြုပါ။ သင့်ထံတွင်ထိုကဲ့သို့သောကြိုးမရှိပါက ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီ၏ ၀က်ဆိုက်သွားရောက်စစ်ဆေးပြီး တစ်နေရာရာမှ ထိုကြိုးတစ်ချောင်းဝယ်ယူလိုက်ပါ။
• သင့်ဖုန်းတွင် Memory Card ရှိနေပါစေ။
• သင့်ဖုန်းဖန်သားပြင်မှ USB Connected ဖြစ်ကြောင်းပြသည့် Notification လေးကိုနှိပ်လိုက်ပါ။
• Mount ကိုရွေးချယ်လိုက်ပါ
• သင့်ကွန်ပျူတာတွင် Removable Storage ကိုရှာဖွေလိုက်ပါ။ သင်ဟာ Macbook အသုံးပြုသူဖြစ်ပါက သင့်ကွန်ပျူတာ Desktop တွင်တွေ့ရှိနိုင်ပြီး PC တစ်လုံးတွင်ဆိုပါက My Computer တွင်သွားရောက်ကြည့်ရှုလိုက်ပါ။
• သင့်ဖုန်းမှ ကွန်ပျူတာထဲသို့ရွေ့ပြောင်းလိုသည့်အချက်အလက်များကိုဆွဲယူထည့်သွင်းလိုက်ပါ။
• အားလုံးပြီးဆုံးသွားပါက ဖုန်းရှိ Notification bar သို့ပြန်သွားပြီး Turn Off USB Storage ဆိုတာကိုနှိပ်လိုက်ပါ။
• သင့်ဖုန်းမှကွန်ပျူတာသို့ချိတ်ဆက်ထားသည့် Data Cable ကြိုးကိုဖြုတ်လိုက်ပါ။
 
နည်းလမ်း (၂) : iPhone Wifi Sync ကိုအသုံးပြုခြင်း

သင်ဟာ iOS 5.0 နှင့်အထက်ကိုအသုံးပြုသူဖြစ်ပါက iTunes Synch ကိုအသုံးပြုပြီး Wifi မှတဆင့် အချက်အလက်များကိုအလိုအလျောက် လွဲပြောင်းပေးပို့နိုင်မှာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးဟာ သင့်ရဲ့ဓာတ်ပုံတွေ ၊ သံစဉ်တွေ၊ စာအုပ်တွေ၊ သီချင်းတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုတွေနဲ့ Application များကို သင့်ကွန်ပျူတာမှချိတ်ဆက်ထားသည့် ကွန်ရက်တွင်ချိတ်ဆက်လိုက်သည့်အချိန်တိုင်း အလိုလျောက် လွဲပြောင်းနိုင်မှာပဲ ဖြစ်ပါတယ်။ အောက်ပါအတိုင်းပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
• သင့် iPhone ၏ ပင်မဖုန်းဖန်သားပြင်မှ Setting သို့ဝင်ရောက်လိုက်ပါ။
• General ကိုနှိပ်ပြီး iTunes Sync ဟူသည့်ခလုပ်ကိုနှိပ်လိုက်ပါ။
• Synch now ကိုနှိပ်လိုက်ပါ
 
နည်းလမ်း(၃) : Email ကိုအသုံးပြုခြင်း

• အခမဲ့ Wifi ကွန်ရက်တစ်ခုကိုရှာဖွေပါ သို့မဟုတ် သင့်အိမ်ရှိ Wifi ကွန်ရက်ကိုသင့်ဖုန်းနှင့် ချိတ်ဆက်ပါ။
• သင့်ဖုန်းမှအချက်အလက်များကို သင့်ကိုယ်သင် Email ပြန်ပို့ပါ။ သင်ဟာ Wifi ကွန်ရက်ကိုအသုံးပြုထားသည့်အတွက် သင့်မိုဘိုင်းဖုန်းအော်ပရေတာမှ ငွေကြေးကောက်ခံသွားမှာမဟုတ်ပါဘူး။
• သင်အချက်အလက်များကို သိမ်းဆည်းလိုသည့်ကွန်ပျူတာတွင် Email ကိုဖွင့်လိုက်ပါ။
• Download ကိုရွေးချယ်လိုက်ပါ။
 
နည်းလမ်း (၄) : Memory Card Reader တစ်ခုကိုအသုံးပြုခြင်း

• သင့်ဖုန်းအတွင်းသို့ Memory Card တစ်ကတ်ထည့်သွင်းပါ။ ဖုန်းအများစုကတော့ ဖုန်းနှင့်တစ်ခါတည်းပါ၀င်သည့် Micro Memory Card ကိုအသုံးပြုကြပြီး စိတ်ကြိုက်တပ်ဆင်/ဖြုတ်သိမ်းနိုင်ပါတယ်။
• သင့်ဖုန်းမှာထက် Memory Card တွင်သာအချက်အလက်များသိမ်းဆည်းနေပါစေ။
• သင့် Memory Card ကို Memory Card Reader အတွင်းသို့ထည့်သွင်းလိုက်ပါ။ တစ်ခါတစ်ရံတွင် သင့် Memory Card Reader ဟာ Micro Memory Card တစ်အခုအတွက်အလွန်ကြီးနေတတ်ပါတယ်။ ထိုသို့သောကိစ္စများတွင် သင့် Micro Memory Card ထည့်သွင်းနိုင်မည့် Adapter တစ်ခုကိုအသုံးပြုနိုင်ပါတယ်။ ထို့နောက် အဆိုပါ Adpater ကို Memory Card Reader သို့ထည့်သွင်းလိုက်ရုံပါပဲ။
• သင့်ကွန်ပျူတာအတွင်းသို့ အချက်အလက်များလွဲပြောင်းပါ။ သင့် Memory Card Reader ကိုသင့်ကွန်ပျူတာရှိ My Computer တွင် Removable Disk အဖြစ်တွေ့မြင်ရနိုင်ပါတယ်။ သင်ဟာ Macbook အသုံးပြုသူဖြစ်ပါက iPhoto ကိုဖွင့်ပြီး File>>Import to Library သို့ဝင်ရောက်လိုက်ပါ။ ထို့နောက် Memroy Card အတွင်းမှ သင်ရွေ့ပြောင်းလိုသည့် ဓာတ်ပုံများကိုရွေးချယ်လိုက်ရုံပါပဲ။
 
နည်းလမ်း (၅) : Bluetooth ကိုအသုံးပြုခြင်း

• သင့်ဖုန်းမှ Bluetooth ကိုဖွင့်လိုက်ပါ။ မည်သို့ပြုလုပ်ရမည်ကိုမသိပါက Setting သို့မဟုတ် Controls တွင်ကြည့်လိုက်ပါ။
• Bluetooth Adapter တစ်ခုဝယ်ယူလိုက်ပါ။ သင့်ကွန်ပျူတာတွင် Bluetooth/Infrared ချိတ်ဆက်နိုင်ရန်အတွက် Adapter မပါရှိပါက Adapter တစ်ခုဝယ်ယူလိုက်ပါ။ ပုံမှန် BT/I Adapter တစ်ခုကို USB Port တွင်ထည့်သွင်းလိုက်ပါ။ သင်ငွေကြေးချွေတာလိုပါက အွန်လိုင်းပေါ်တွင်အသုံးပြုပြီးသား Adapter တစ်ခုကိုရှာဖွေဝယ်ယူနိုင်ပါတယ်။ ချိတ်ဆက်နိုင်ရန်လုပ်ငန်းစဉ်အတွက် ဒီ Adapter တွင် Software ပါ၀င်မှာဖြစ်ပြီး သင့်ဖုန်းနှင့်ကွန်ပျူတာကြားတွင် အချက်အလက်များအပြန်အလှန်ပေးပို့နိုင်မှာပဲဖြစ်ပါတယ်။ Macbook ကဲ့သို့သော ကွန်ပျူတာအချို့တွင် Bluetooth ကိရိယာများပါ၀င်ပြီးဖြစ်ပြီးဖြစ်ပါတယ်။ သင့်ကွန်ပျူတာတွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိမရှိမသေချာပါက အင်တာနက်တွင်ရှာဖွေနိုင်ပါသည်။
• သင့်ဖုန်းမှာရော ကွန်ပျူတာမှာပါ Bluetooth ဖွင့်ထားရန်လိုအပ်ပါတယ်။သင်ဟာ Macbook အသုံးပြုသူဖြစ်ပါက အပေါ်ဖက် Toolbar ညာဖက်တွင် Bluetooth သင်္ကေတလေးကိုနှိပ်လိုက်ခြင်းဖြင့် Bluetooth ကိုအသုံးပြုနိုင်ပါပြီ။ ထိုသင်္ကေတလေးဟာ Date and Time ၏ဘယ်ဖက်တွင်ရှိနေနိုင်ပြီး တြိဂံပုံစံရှိပါတယ်။ Window Vista ကိုအသုံးပြုသူဆိုပါက Control Panel>> Network and Internet Connection>> Bluetooth Devices သို့ဝင်ရောက်လိုက်ပါ။
• သင့်ကွန်ပျူတာနှင့် ပေ၃၀အကွာအဝေးတွင်းမှာပဲရှိနေပါစေ။ Bluetooth ဟာပေ၃၀ထက်ပိုဝေးကွာသွားပါက အလုပ်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။
• သင့်ဖုန်းတွင် သင့်ရွေ့ပြောင်းလိုသည့် အချက်အလက်များကိုရှာဖွေပါ။
• Menu ခလုတ်လေးဟာနှိပ်ပြီး Copy သို့မဟုတ် Send ကိုရွေးချယ်ပါ။
• Bluetooth ကိုရွေးချယ်ပါ။
• သင် Bluetooth ဖွင့်ထားသည်ဆိုပါက ဖုန်းတွင် Bluetooth menu အလိုအလျောက်ပေါ်လာမှာပဲဖြစ်ပါတယ်။
• “Look  for Devices ” ကိုရွေးချယ်ပါ။
• ဖော်ပြလာသည့် စက်ပစ္စည်းစာရင်းမှာ သင့်ကွန်ပျူတာကိုရွေးချယ်လိုက်ပါ။
• သင့်ကို ဓာတ်ပုံပို့ဆောင်ခွင့်ပြုမပြု ခွင့်ပြုမိန့်တစ်ခု သင့်ဖုန်းများပို့ဆောင်ပါလိမ့်မည်။
• အဆိုပါခွင့်ပြုမိန့်ကို လက်ခံလိုက်ပြီး အချက်အလက်များကိုပေးပို့နိုင်ပါပြီ။
 
နည်းလမ်း (၆) : CDMA ဖုန်းတစ်လုံးမှ ဖုန်းနံပါတ်များ၊ အမှတ်တရများ၊ ဓာတ်ပုံများနှင့် ပြက္ခတိန် ပေးပို့ပေးခြင်း

• တစ်ဖက်တွင်သင့်ဖုန်းကိုချိတ်ဆက်နိုင်မည့် ကြိုးခေါင်းပါရှိပြီး အခြားတစ်ဖက်တွင် USB Connector ပါရှိသည့် Data Link ကြိုးတစ်ချောင်းရှာဖွေလိုက်ပါ။
• သင့်ဖုန်းအတွက်လိုအပ်သည့် Driver များကို Install ပြုလုပ်လိုက်ပါ။ အဆိုပါ Driver များဟာ Data Link ကြိုးနှင့်အတူ CD တစ်ချပ်အဖြစ်ပါ၀င်လာပြီးဖြစ်မှာပါ။
• http://www.bitpim.org/ မှ BitPim Software ကို Download ရယူပြီး Install ပြုလုပ်ပါ။
• သင့်ဖုန်းကိုချိတ်ဆက်လိုက်ပြီး BitPimကိုဖွင့်လိုက်ပါ။ သင့်ဖုန်းကိုအလိုအလျောက်သိရှိပြီးဖြစ်နေပါလိမ့်မယ်။
• အပေါ်ဘယ်ဖက် Tool bar ရှိခလုတ်လေးနှစ်ခုမှာ Get Phone Data နှင့် Send Phone Data တို့ဖြစ်နေပါလိမ့်မယ်။ အဆိုပါခလုတ်လေးများကိုအသုံးပြုပြီး သင့်ဖုန်းအတွင်းမှ အချက်အလက်များကိုလိုအပ်သလို ပြုလုပ်နိုင်ပါပြီ။
 
နည်းလမ်း (၇) : CDMA ဖုန်းတစ်လုံးတွင် ရုပ်ရှင်များ၊ သီချင်းများနှင့် Memory Card များရွေ့ပြောင်းခြင်း

• View >> View Filesystems သို့ဝင်ရောက်ပြီး ပိုမိုအဆင့်မြင့်သည့်လုပ်ဆောင်ချက်များပြုလုပ်ရန်ပြင်ဆင်ပါ။
• အသုံးဝင်မည့် အချက်အလက်များပါ၀င်သည့် Folder များကိုရှာဖွေပါ။
• သင်တစ်ခါတည်းနှင့် များစွာသော File များကိုဖျက်သိမ်းပစ်လိုပါက Folder ကို Right Click နှိပ်ကာရွေးချယ်ပြီး Backup Directory ကိုရွေးချယ်လိုက်ပါ။ ဒါဆိုရင်တော့ အဆိုပါ Folder အတွင်းရှိအချက်အလက်အားလုံးကိုု သင့်ကွန်ပျူတာတွင်းသို့ကူးယူမှာပဲဖြစ်ပါတယ်။
• သင့်ဖုန်းကိုမည်သို့အဆင်ပြေအောင်ပြုလုပ်နိုင်မည်ဆိုတာကို အင်တာနက်တွင်ရှာဖွေပါ။ အချို့သောဖုန်းများဟာ File အမျိုးအစားနှင့်ပတ်သက်ပြီး ကန့်သတ်ချက်များရှိပါတယ်။ အချို့ကတော့ ဖိုင်အရွယ်အစားကိုကန့်သတ်ထားကြပါတယ်။ ဖုန်းမော်ဒယ်အမျိုးအစားအလိုက် ကွာခြားမှုရှိပါတယ်။

နည်းလမ်း(၈) : QR Code ကိုအသုံးပြုခြင်း

• သင်ရွေ့ပြောင်းလိုသည့် အချက်အလက်များကိုရယူပါ။ ဒီနည်းလမ်းဟာ သင့်အနေနဲ့ Link တစ်ခု၊ ရုပ်ပုံ သို့မဟုတ် ၀က်ဆိုက်စာမျက်နှာတစ်ခုမှ စာသားများကို သင့်မိုဘိုင်းဖုန်းအတွင်းသို့ ကူးယူလိုပါက အသုံးဝင်ပါတယ်။ ဥပမာ သင့်ဟာ Google Maps မှလမ်းကြောင်းတစ်ခု ၊ စျေးဝယ်စာရင်း သို့မဟုတ် ဓာတ်ပုံတစ်ပုံ၏ Link ကိုလိုအပ်သည်ဆိုရင် ယခုနည်းလမ်းကိုအသုံးပြုနိုင်မှာပါ။  လုံခြုံရေးကိစ္စရပ်များကြောင့် အခြားသောနည်းလမ်းများ အသုံးမပြုနိုင်သည့် နေရာများတွင် ကောင်းစွာအလုပ်ဖြစ်မှာပါ။
• အင်တာနက်မှ QR Code Creator တစ်ခုကိုရှာဖွေပါ။ ၀က်ဆိုက်၊ Browser Extensions ၊ Program သို့မဟုတ် Application များအနေနဲ့ ရယူနိုင်ပါတယ်။
• သင့်ကိုယ်ပိုင် Link ၊ ရုပ်ပုံ သို့မဟုတ် စာသားများကို QR Code ပုံစံအဖြစ်သို့ဖန်တီးနိုင်စေရန် QR Creator ကိုအသုံးပြုလိုက်ပါ။
• သင့်ဖုန်းမှာ QR Reader application တစ်ခုဖြင့် QR Code ကိုဖတ်ရှုလိုက်ပါ။ ဖုန်းအမျိုးအစားလိုက် နည်းလမ်းများစွာရှိပြီး အများစုကတော့ အခမဲ့ပဲဖြစ်ပါတယ်။ သင်ဟာ Code တစ်ခုကို ဖတ်လိုက်ပါက အဆိုပါ app ဟာပါ၀င်သည့် အချက်အလက်များကိုဖေါ်ပြပေးသွားမှာပဲဖြစ်ပါတယ်။
 
နည်းလမ်း (၉) : Dropbox ကိုအသုံးပြုခြင်း

• Dropbox သို့ Sign up ပြုလုပ်ရန် သူတို့၏ဝက်ဆိုက်သို့သွားရောက်ပါ။
• သင့်ကွန်ပျူတာတွင်င Dropbox ကို Install ပြုလုပ်ပါ။
• သင့်ကွန်ပျူတာတွင် သင့်ဖုန်းတွင်းထားရှိလိုသည့်အချက်အလက်များကို Dropbox-folder အတွင်းမှ Folder တစ်ခုတွင်ထားလိုက်ပါ။ Dropbox-folder ဟာ “C:\Users\<your user name>\Dropbox” တွင်ရှိနေမှာဖြစ်ပါတယ်။
• သင့်ဖုန်းတွင် Dropbox applicationကို Install ပြုလုပ်ပါ။ အဆိုပါ app ကို Android ၊ iPhone ၊ iPad ၊ iPad Touch များအားလုံးအတွက် ရယူသုံးစွဲနိုင်ပါပြီ။
• သင် install ပြုလုပ်လိုက်သည့် app တွင် Dropbox ကို Sign in ပြုလုပ်လိုက်ပါ။
• သင့်ဖုန်းတွင် သင်ထားရှိလိုက်သည့် File ပါ၀င်သည့် Folder သို့ဝင်ရောက်လိုက်ပါ။
• File ဘေးရှိ မျှားလေးအားနှိပ်လိုက်ပြီး Extract ကိုနှိပ်လိုက်ပါ။
• သင်ထားလိုသည့် Folder တစ်ခုကိုရွေးချယ်လိုက်ပါ။
• Download ပြုလုပ်လိုက်ပါ။ သင်လိုအပ်သလို အချက်အလက်များကို ရွေ့ပြောင်းနိုင်ပြီပဲဖြစ်ပါတယ်။

Follow us

Log in or create an account