စမတ်ဖုန်းနဲ့လုပ်ဆောင်နိုင်တဲ့ နေ့စဉ်သုံုးကိစ္စရပ်များ

စမတ်ဖုန်းနဲ့လုပ်ဆောင်နိုင်တဲ့ နေ့စဉ်သုံုးကိစ္စရပ်များ


စမတ်ဖုန်းတွေဆိုတာက ကျွန်တော်တို့အတွက် ပစ္စည်းအတော်များများကို ဝယ်ယူရခြင်းမှ သက်သာစေနိုင်ပါတယ်။
နေ့စဉ်အသုံးပြုနိုင်တဲ့ကိစ္စရပ်လေးတွေမှာ စမတ်ဖုန်းကို အထာကျကျဘယ်လိုအသုံးပြုကြမလဲ။ ဘယ်လိုလွယ်ကူအောင် လုပ်ဆောင်ကြမလဲ။ အောက်ဆုံးက ဘောနပ်စ်လေးကိုလည်း လက်လွတ်မခံနဲ့နော်။

၁။ သင့်ကိုယ်သင် ဘေးကင်းအောင်ထားခြင်း

အိမ်ကိုနောက်ကျမှပြန်လာလေ့ရှိတာမျိုးမှာ ဘေးကင်းချင်တယ်ဆိုရင်တော့ ဒီ app လေးက သင့်ရဲ့စိုးရိမ်မှုတွေကို လျော့ပါးသွားစေနိုင်ပါတယ်။ emergency နံပါတ်ကို မက်ဆေ့ချ်ပို့ပေးနိုင်သလို အသံနဲ့ ဗွီဒီယိုဖမ်းထားပေးနိုင်ပါတယ်။ GPS location ကို ထောက်လှမ်းလို့ရတယ်။ အချိန်မီပြန်ရောက်မလာရင် သူငယ်ချင်းကို နှိုးစက်ပေးမယ့် timer တွေလည်း ရှိပါတယ်။ fake call option လေး ပါဝင်ပါသေးတယ်။
Tips
ဗွီဒီယိုတစ်ခုကို အရေးကြီးစီးပွားရေးတွေ့ဆုံပွဲမှာ မျှဝေချင်တာမျိုး၊ အဘွားကို အပျော်ခရီးပုံတွေပြချင်တာမျိုးဆိုရင်တော့ screen mirroring app က အဆင်ပြေစေနိုင်ပါတယ်။ app ကိုသွင်းပြီးတော့ ဗွီဒီယို၊ သီချင်း၊ ပုံလေးတွေကို စမတ်ဖုန်းမှာ ဖွင့်လိုက်ပါ။ အကြိုက်ဆုံးဂိမ်းကိုတောင် တစ်ပြိုင်တည်း broadcast လုပ်လို့ရတယ်။ USB ကြိုးတွေမလိုအပ်ပါဘူး။ iOS ရော Android မှာပါ ရနိုင်ပါပြီ။

၂။ ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များ ပြုလုပ်ခြင်း

ပထမဆုံးဒိတ်လုပ်ဖို့ အကောင်းဆုံး ပြီးပြည့်စုံတဲ့ စားသောက်ဆိုင်ကို ရှာနေသလား။ တရုတ်စာလား၊ အီတလီစာလားဆိုတာ ဝေခွဲမရဘူးပေါ့။ အချိန်ကုန်သက်သာအောင် ဒီလို app လေးက ကူညီပေးပါလိမ့်မယ်။ တွန့်ဆုတ်မနေပါနဲ့။ ခက်တာက App Store ပေါ်မှာ မရနိုင်ပါဘူး။ ဒါပေမယ့် iOS တွေအတွက် ဆင်တူတာမျိုးကိုတော့ ရနိုင်ပါတယ်။

၃။ ကွန်ပျူတာကနေ စာပို့ခြင်း

ဖုန်းက သူငယ်ချင်းတစ်ယောက်၊ အလုပ်ကလူတစ်ယောက်ကို စာပို့ရမယ်ဆိုမှ အားကုန်နေပြီလား။ မစိုးရိမ်ပါနဲ့။ ဒီ app လေးက သင့်ရဲ့ဖုန်းထဲကဟာကို ကွန်ပျူတာ၊ တက်ဘလက်ပေါ်ကို sync လုပ်ပေးတာမို့ SMS ၊ MMS တွေကို ပို့ခွင့်ရနိုင်ပါတယ်။ မက်ဆေ့ချ်တွေအားလုံးက ဖုန်းနံပါတ်နဲ့ချိတ်ထားပြီးတော့ ကွန်ပျူတာမျက်နှာပြင်မှာ ပေါ်နေမှာပါ။ ဒါကြောင့် လိုချင်တာကို ရှာနိုင်ပါတယ်။

၄။ ဘေးကင်းစွာ မောင်းနှင်ခြင်း

အမောင်ထဲမှာ မောင်းနေရမယ်ဆိုရင်တော့ လမ်းပေါ်ကို မျက်တောင်မခတ်ကြည့်နေရချိန်မှာ ဒီ app လေးက ကူညီပေးလိမ့်မယ်။ ဖုန်းကို dashboard ပေါ်မှာတင်ထားပြီးတော့ brightness settings ကို ချိန်လိုက်ပါ။ သင်လိုချင်သမျှ အမြန်နှုန်းနဲ့ GPS-enabled map တွေကို လေကာပေါ်မှာ မြင်နိုင်မှာပါ။ ဖုန်းမျက်နှာပြင်ကတော့ သင်မြင်နိုင်ရလောက်တဲ့အထိ အလင်းတင်ထားပေးရမှာပါ။

၅။ ဖုန်းကို မထိဘဲထိန်းချုပ်မယ်

gesture control app လေးကိုအသုံးပြုမယ်ဆိုရင်တော့ ထိနေစရာမလိုအပ်တော့ဘူးပေါ့။ music & video player တွေဖွင့်မလား၊ လက်လေးပြပြီး ဖုန်းကိုင်ချင်လား။ လက်ပေနေလို့ စိုးရိမ်နေစရာမလိုအပ်တော့ဘူး။ display မှာလည်း ခြစ်ရာတွေနည်းသွားနိုင်ပြီလေ။ Android ရော iOS ပါ ရနိုင်ပါတယ်။

၆။ ရီမုကွန်ထရိုးတွေရဲ့ ဘတ်ထရီတွေကို စမ်းသပ်ခြင်း

ရီမုကွန်ထရိုးဘတ်ထရီကုန်သွားချိန်မှာ အနီးဆုံးဆိုင်ကို ပြေးမဝယ်ချင်ဘူးဆိုုရင်တော့ ဒီအချက်က အချိန်ကုန်သက်သာစေနိုင်မှာပါ။ စမတ်ဖုန်းကို ထုတ်လိုက်ပါ။ ကင်မရာဖွင့်လိုက်ပါ။ ရီမုကွန်ထရိုးကို ယူလိုက်ပြီးတော့ ကင်မရာနဲ့ ချိန်လိုက်ပါ။ ခလုတ်တခုခုကို နှိပ်လိုက်ပါ။ အနီရောင်၊ ပန်းရောင်မြင်ရတယ်ဆိုရင်တော့ infrared signal အလုပ်လုပ်နေပါပြီ။ ဒါဟာ ဘတ်ထရီကဖြစ်နေတာပါ။ ပြေးဝယ်ထားလိုက်တော့။

၇။ အကွာအဝေးတိုင်းတာခြင်း

အိမ်ကိုအလှဆင်ဖို့ဖြစ်ဖြစ် အတိုင်းအတာကို အရေးတကြီးလိုအပ်တဲ့အခါမျိုးရှိလာတယ်။ ဒါပေမယ့် တိုင်းတဲ့ပေကြိုးကလည်း မရှိတော့ဘူး။ ဒါမှမဟတု် တိုင်းဖို့အတွက်ကလည်း လိုကိုလိုအပ်နေပြီ။ ဘယ်လိုလုပ်ကြမလဲ။ ဒီ app လေးက မျက်တောင်တစ်ချက်အတွင်းမှာ ဖြေရှင်းပေးနိုင်ပါတယ်။ တိုင်းချင်သမျှအရာတိုင်းကို ဖုန်းကင်မရာကိုအသုံးပြုပြီး တိုင်းတာပေးနိုင်ပါတယ်။ SizeUp app လေးကို run ပြီးတော့ ကင်မရာနဲ့ တိုင်းချင်တဲ့အရာကိုထောက်လိုုက်ပါ။ ရလဒ်ကိုစောင့်ဆိုင်းပါ။ ဘယ်လောက်တောင် ရိုးရှင်းလိုက်သလဲ။

Follow us

Log in or create an account