ကွန်ပျုတာအမြဲကြည့်နေရသူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ မျက်စိလေ့ကျင့်ခန်း(၇)မျိုး

ကွန်ပျုတာအမြဲကြည့်နေရသူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ မျက်စိလေ့ကျင့်ခန်း(၇)မျိုး
 
နာရီပေါင်းများစွာ ကွန်ပျုတာနဲ့အလုပ်, လုပ်နေရသူတွေဟာ ကြာလာရင်မျက်စိထိခိုက်လာမှာ စိုးရိမ်ရပါတယ်။ ခေါင်းကိုက်တာ၊
မျက်စိယားယံတာနဲ့ မျက်လုံးကျိန်းစပ်တာတွေ မကြာခဏဖြစ်ဖူးပါသလား ? မပေါ့ပါနဲ့။ ဒီမျက်စိလေ့ကျင့်ခန်းလေးတွေကို သေချာမှတ်ထားပြီး အားရင်အားသလို လုပ်ပေးပါ။

(၁) မျက်လုံးမှိတ်လိုက်ပါ
တံတောင်ကို စားပွဲပေါ်ထောက်ပြီး လက်ဖဝါးတွေနဲ့မျက်လုံးကို ခဏလောက်အုပ်ထားလိုက်ပါ။ ဒီလိုအနေထားတိုင်း ၂မိနစ်လောက်
မျက်လုံးမှိတ်ထားပေးပါ။ ပြီးရင် ပြန်မျက်လုံးပြန်ဖွင့်ကြည့်လိုက်... အမြင်တွေပြန်ကြည်သွားပါလိမ့်မယ်။

(၂) မျက်လုံးကို ဟိုဘက် ဒီဘက်ရွေ့ပေး
ခါးကိုမတ်လိုက်ပြီး ရှေ့တည့်တည့်ကိုကြည့်လိုက်ပါ။ ခေါင်းကိုမလှုပ်ပဲ ဟိုဘက် ဒီဘက်မျက်လုံးကို ကစားပေးပါ။ ကိုယ်မျက်လုံးရွေ ့တဲ့အပေါ်အာရုံစိုက်ပြီး ၅ကြိမ်လောက်လုပ်ပါ။ တဖြည်းဖြည်းသက်သာလာပါလိမ့်မယ်။

(၃) အပေါ်အောက် ကြည့်
အခုက အနေထားတိုင်းပဲ.. ခါးမတ်မတ်ထိုင်၊ ရှေ ့ကိုကြည့် မျက်လုံးကို အထက်၊ အောက်ကစားပေး။ ပြီးရင်  မျက်လုံးမှိတ်ထား။
နောက်တစ်ခါ အပေါ် ၊ အောက် ထပ်ကစားပေးပါ။ ဒါကိုတော့ အကြိမ်ရေ(၃)ခါပဲလုပ်ပေးပါ။
 

(၄) အောက်ဘေးဖက်ကိုရွေ ့
ခါးမတ်မတ်ထိုင်၊ ရှေ ့ကိုကြည့် အောက်ဘေးဖက်နဲ့ အရှေ့ဘေးဖက်ကို မျက်လုံးကစားပေးပါ။ ကိုယ့်မျက်လုံးအရွေ့ပေါ် သေချာအာရုံစိုက်ထားပေးပါ။ ဒါကိုလည်း အကြိမ်ရေ(၃)ကြိမ်သာလုပ်ပါ။

(၅) အနီးနဲ့ အဝေး
ပစ္စည်းတစ်ခုကို အနီးနဲ့ကပ်ပြီးသေချာစိုက်ကြည့်။ အကွာအဝေးက ၂၀ - ၃၀ စင်တင်မီတာလောက်ထားပါ။ ပြီးရင် အဝေးတစ်နေရာကို ကြည့်နေ။ အာရုံစိုက်ပြီး မျက်လုံးကခံစားရတာကိုသိနေပါစေ။ ပြီးရင် ထိုအနေထားတိုင်း (၃)ကြိမ်လောက်ပြန်လုပ်ပေးပါ။

(၆) နှိပ်နယ်ခြင်း (၁)
မျက်လုံးကိုမှိတ်လိုက်ပြီး သင့်ရဲ ့မျက်လုံးကိုတင်းကြပ်စွာစုလိုက်ပါ။ ဒီတိုင်း ၂ -၃ စက္ကန့်လောက်နေပါ။ မျက်လုံးနားတစ်ဝှိက် ကြွက်သားတွေ အနားယူပါစေ။ နောက်တစ်ခေါက် မျက်လုံးကိုပြန်စုံမှိတ်လိုက်ပါ။ ၁၀ကြိမ်လောက် လုပ်ပေးရပါမယ်။

(၇) နှိပ်နယ်ခြင်း (၂)
မျက်လုံးကိုမှိတ်လိုက်ပါ။ မျက်လုံးအပေါ်ပိုင်းကို လက်ညှိုးလေးနဲ့ စက်ဝိုင်းပုံစံ ဖွဖွလေးဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ အရမ်းအားမသုံးပါနဲ့။ စစလုပ်ချင်း (၁၀)ခေါက်လောက် စက်ဝိုင်းပုံစံနှိပ်နယ်ပေးရပါမယ်။
 

Follow us

Log in or create an account