Ma Hnin Wai

Ma Hnin Wai

Website URL:

“Dual Camera နဲ့ ထွက် ရှိလာပြီ ဖြစ်တဲ့ Samsung Galaxy Note 8”

  • Published in News

“Dual Camera နဲ့ ထွက် ရှိလာပြီ ဖြစ်တဲ့ Samsung Galaxy Note 8”

Samsung ရဲ့ အကောင်းဆုံး ထုတ်ကုန် တစ်ခုဖြစ်တဲ့ Note Series တွေထဲကမှ ထုတ်ကုန်အသစ်ဖြစ်တဲ့ Galaxy Note 8 ကို Samsung ကမိတ်ဆက်ပေးခဲ့ပြန်ပါတယ်။
Samsung မှာ Note series နဲ့ S Series ဟာ Company ရဲ့ အရောင်းရဆုံးနဲ့ အကောင်းဆုံး Smart Phone တွေလည်းဖြစ်ပါတယ်။

Read more...

Viber မှာ ဘာ အချက် အလက်မှ ပျက်စီး ဆုံးရှုံးခြင်းမရှိပဲ ဖုန်းနံပါတ် အကောင့် ပြောင်းလို့ရနေပြီဆိုတာ>

  • Published in News

သိပြီးပြီလား......?
<Viber မှာ ဘာ အချက် အလက်မှ ပျက်စီး ဆုံးရှုံးခြင်းမရှိပဲ ဖုန်းနံပါတ် အကောင့် ပြောင်းလို့ရနေပြီဆိုတာ>
? Viber Latest Version ဖြစ်ဖို့ လိုပါတယ်နော်..
ဖုန်းနံပါတ်တစ်ခု ပြောင်းတိုင်း Viber မှာလည်း နံပါတ်လိုက်ပြောင်းပေးရပါတယ်။ အဲလို ပြောင်းလိုက်တဲ့အခါမှာတော့ ကိုယ်ရဲ့ Conversation တွေ History တွေ Group တွေ အကုန် လစ်သွားတာပါပဲ။ ဒါအတော်လေး စိတ်အနှောက်အယှက် ဖြစ်စရာ အကြောင်းတစ်ခုပါပဲဗျာ..။
အခုတော့ ဒီလိုတွေ မဖြစ်ရအောင် Viber က ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖုန်းနံပါတ်ပြောင်းရင် Data တွေ.. အထက်ကပြောခဲ့တဲ့ အရာတွေ လစ်မသွားတော့ပါဘူးဗျာ..။ ဘယ်လို လုပ်မလဲဆိုတာကတော့...
Viber > Setting > Acoount > Change Phone Number ထဲကိုဝင်လိုက်ပါ။
New Phone Number ထဲကို ဝင်လိုက်ရင် ကျွန်တော်တို့ အတွက် ရွေးစရာ Option 2 ခုရှိပါတယ်။
New Phone Number နဲ့ New Phone Number and new device ဆိုတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ က ဖုန်းနံပါတ်ပဲ ပြောင်းချင်တာဆိုတော့ New Phone Number ကို Continue လုပ်ပါမယ်။
Continue နှိပ်လိုက်တာနဲ့ Viber အကောင့်သစ်ဖွင့်သလို Register Form ဖြည့်ပြီး Continue ကို နှိပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ Viber မှာ User Data တွေမပျက်စီးပဲ ဖုန်းနံပါတ်ပြောင်းလဲခြင်း လုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ်ခင်ဗျာ။
Image may contain: text

Read more...

Zawgyi – Unicode အခက်အခဲ ရှိနေသော iOS User များအတွက်

  • Published in News

Zawgyi – Unicode အခက်အခဲ ရှိနေသော iOS User များအတွက်

Facebook Version အသစ်ကြောင့် iOS User များအနေဖြင့် မြန်မာစာ အဆင်မပြေမှုများ ရှိနေခဲ့ပါတယ်။ FB version အသစ်ဖြစ်တဲ့ Version 136.0.0.22.91 ကို update လုပ်မိတဲ့အခါမှာ တချို့ iOS အသုံးပြုသူများအနေနဲ့ မြန်မာစာ မမှန်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင်တော့ .....
အရင်ဆုံး Setting ထဲကိုသွားပြီး General သို့သွားပါ။ Profile ထဲက လက်ရှိအသုံးပြုနေတဲ့ ZawgyiOne ကို Delete လုပ်ပါ။ ပြီးရင်တော့ My Font ထဲက ZawDecode 1.1 ကို Install လုပ်ပြီး Power ပိတ်ပါ။ ပြီးရင် ပြန်ဖွင့်ပါ။ ဒါဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။

Read more...

“လက်ထဲက မချချင်လောက်အောင် ဖြစ်သွားတဲ့ Mi 5X”

  • Published in Reviews

“လက်ထဲက မချချင်လောက်အောင် ဖြစ်သွားတဲ့ Mi 5X”

Portrait Mode နဲ့ ရိုက်ရတာ ကျွန်တော် အကြိုက်ဆုံးပါပဲဗျာ....?
Design မြင်ရုံနဲ့ မကိုင်ဘဲ မနေချင်လောက် ဖြစ်သွားစေတဲ့ Xiaomi ရဲ့ Mi 5X လေး…။ Xiaomi ရဲ့ မော်ဒယ်သစ်လည်းဖြစ်၊ Dual Camera လေးနဲ့ ဆိုတော့ ကိုင်ပြီးရင် မဝယ်ချင်ဘဲ မနေနိုင်တော့ဘူးဗျာ။?
ဒီဇိုင်းပိုင်းမှာတော့ Full Metal Body လေးဖြစ်တဲ့အတွက် လက်ထဲ ကိုင်ရတာလည်း ပေါ့ပေ့ါပါးပါးလေးရှိပြီး ကျစ်ကျစ်လစ်လစ်နဲ့ ကိုင်တွယ်ရတာ စိတ်ဘဝင်ကျစေပါတယ်။
Display ကလည်း IPS LCD ကို မသုံးပဲ LTPS LCD ကို သုံးထားတဲ့အတွက် ဝယ်ရမှာ တန်သွားပြီလို့ ဆိုရမှာပါ။ အရောင်ထွက်ကောင်းပြီး touch လည်း ပိုကောင်းပါတယ်။ Screen Size ကတော့ ၅.၅ လက်မရှိပါတယ်။ ရုပ်ထွက်အနေနဲ့ 1920x1080 pixel ရှိတဲ့ ရုပ်ထွက်ကို ကြည့်ရှု ခံစားနိုင်မှာ ဖြစ်ပါတယ်။
Mi 5X ရဲ့ ထူးခြားသွားတဲ့ အချက်ကတော့ ကျွန်တော်တို့ မေးမေးနေတဲ့ CDMA သုံးလို့ရလားဆိုတဲ့ အချက်ပါပဲ။ Mi 5X မှာ CDMA ရော GSM ကိုရော အသုံးပြုနိုင်ပါတယ်။ GSM ကလည်း 4G Network အထိ အသုံးပြုနိုင်အုံးမှာ ဖြစ်ပါတယ်။ SIM ကဒ်ကတော့ နှစ်ကဒ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သတင်းတွေအရတော့ Mi 5X ကို MIUI9 နဲ့ ထွက်ရှိလာမယ်လို့ ဆိုခဲ့ကြပေမယ့် တကယ်ထွက်လာတဲ့အခါမှာ MIUI 8.5.5 China Stable နဲ့ ဈေးကွက်ထဲ ရောက်လာခဲ့ပါတယ်။ Android version ကတော့ 7.1 (Nougat) ပဲ ဖြစ်ပါတယ်။
Octa-core Snapdragon 625 SOC နဲ့ RAM 4 GB နဲ့ဆိုတော့ သုံးရတာ သွက်သွက်လက်လက် ရှိစေမှာပါ။ Performance ပိုင်းကတော့ ပေးရတဲ့ဈေးနှုန်းနဲ့ တန်တယ်လို့ သုံးသပ်ရပါတယ်။ Internal Memory ကလည်း 64GB ဆိုတော့ ဒီကနေ့ခေတ်မှာ စံတစ်ခု အနေနဲ့ သတ်မှတ်လို့ ရပါတယ်။
ယနေ့ အချက်အလက် သို့လှောင်နိုင်မှုကလည်း 64GB လောက်မှ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Memory ပြည့်သွားရင်တောင် SD ကဒ် ထပ်စိုက်အသုံးပြုနိုင်တဲ့အတွက်လည်း အလုပ်များပြီး Data အသိမ်းများတဲ့ သူများအတွက်လည်း အဆင်ပြေတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။
ကင်မရာ ပိုင်းမှာတော့ Portrait Mode ကတော့ ရှယ်ပဲလို့ ဆိုရမှာပါ။ တော်တော် ကောင်းကောင်းလေး ရိုက်နိုင်တာ တွေ့ရပါတယ်။ Mi6 လိုမျိုး Dual Camera ပါဝင်လာပါတယ်။ Dual Camera မြုပ်ထားတဲ့ ပုံစံလေးက အတော်လေး သပ်ရပ်ပါတယ်။ 12MP + 12MP နှစ်လုံးကို တပ်ဆင်ပေးထားပါတယ်။
ကင်ရာ Manual Mode မှာတော့ Lens အနေနဲ့ Tele ဆွဲပြီး ရိုက်မလား၊ Wide နဲ့ ရိုက်မလားဆိုပြီး ရွေးချယ် ရိုက်ကူးနိုင်ပါတယ်။ Depth of Field ပုံလေးတွေလည်း ခပ်မိုက်မိုက် ရိုက်ကူနိုင်ပါသေးတယ်ဗျာ။ အရှေ့ Selfie Camera ကတော့ 5MP ရှိပါတယ်။ Magic Mirror လေး သုံးပြီး ရိုက်မယ်ဆိုရင်တော့ ခပ်ချောချော ပုံလေးတွေ ထွက်လာပါလိမ့်မယ်။ ?
Group Selfie တွေကို ရှေ့ကင်မရာ သုံးပြီး ရိုက်ရိုက်၊ အနောက်ကင်မရာ သုံးပြီး ရိုက်ရိုက် အဆင်ပြေပြေနဲ့ ရိုက်ကူးနိုင်ပါတယ်။
MI 5X မှာ အသုံးပြုထားတဲ့ ဘက်ထရီကတော့ i-Ion 3080 mAh battery အမျိုးအစားကို အသုံးပြု တပ်ဆင်ပေးထားပါတယ်။ Fast Battery Charging စနစ်လည်း ပါဝင်တာကြောင့် အားကုန်လို့ ပြန်သွင်းတဲ့အခါ အချိန်ကြာကြာစောင့်စရာ မလိုတော့ပါဘူး။
Mi 5X မှာ ရရှိနိုင်တဲ့ အရောင်တွေကတော့ Black, Gold, Rose Gold ဆိုပြီး အရောင်သုံးမျိုးနဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 332,000 ကျပ် ဖြစ်ပါတယ် ခင်ဗျာ။ နီးစပ်ရာ ကျွန်တော်တို့ လူကြီးမင်းဖုန်းဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပြီး ဖုန်း 09453344800 သို့လည်း ဆက်သွယ် မှာယူနိုင်ပါတယ် ခင်ဗျာ။

Read more...
Subscribe to this RSS feed

Follow us

Log in or create an account