Ma Hnin Wai

Ma Hnin Wai

Website URL:

ကားမောင်းသူတွေ သိထားသင့်တဲ့ အချက် (၇)ချက်

  • Published in News
ကားမောင်းသူတွေ သိထားသင့်တဲ့ အချက် (၇)ချက်

1 Hang a tennis ball in the garage for easier parking.
အချို ့ကားသမားတွေကတော့ ကားပါကင်ထိုးတဲ့ အချိန်မှာ ကားရဲ့ ပွန်းပဲ့ခြင်းမရှိအောင် တင်းနစ်ဘောလုံးလေးတွေထားတာဟာ အလွန်ကိုကောင်းမွန်တယ်လို့ ဆိုပါတယ်။တင်းနစ် ဘောလုံးလေးတွေ ကားပါကင်မှာ ချိတ်ထားခြင်းဟာ အကွာအဝေးကို ခန့်မှန်း
ရလွယ်ပြီး မှားယွင်းပြီး မောင်းမိမှာလည်းမပူရဘူးလို့ ဆိုပါတယ်။

2 Checking the gas quality.
ကားမှာရှိတဲ့ အသုံးပြု တဲ့ ဓာတ်ငွေ ့ ကောင်းမကောင်းစစ်ဆေးတဲ့ နည်းဟာလည်းအလွန်ကို အသုံးဝင်ပါတယ်။စာရွက်တစ်ရွက်ပေါ်မှာ ဓာတ်ငွေ ့ အစက်ကလေး ချပြီး ၁ မိနစ်ခန့် စောင့်ကြည့်ပေးပါ။အဲ့ဒီအချိန်မှာ စက္ကူဟာ အနည်းငယ်အစက်ပြောက်ကလေးထင်နေတယ်ဆိုရင် ဒါဟာ သေချာပါတယ်။ဓာတ်ငွေ့ ထဲမှာ ရေနံဆီပါနေပြီဆိုတာပါပဲ။
နောက်တစ်နည်းကတော့ ပန်းကန်လုံး ရဲ ့ နောက်ဘက်ကို ပုံမှာပြထားတဲ့ အတိုင်းဓာတ်ငွေ ့ ပန်းထုတ်ကြည့်မှာဖြစ်ပါတယ်။ပန်ကန်းလုံးနက်မှောင်လာပါက ဓာတ်ငွေ ့ မကောင်းတာဖြစ်ပြီး ဆက်လက်အသုံးပြု လျှင်ကားပျက်စီးနိုင်ပါတယ်။

3 Super fast car ventilation.
ကားစီးတဲ့ သူတွေအနေနဲ့ လေဝင်လေထွက်ကောင်းအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ဘာလို့လည်းဆိုရင် ဒါဟာ အနံ့အသက်တွေအတွက်အလွန်ကို အရေးပါလွန်းနေလို့ပါပဲ။ပထမဆုံးလေဝင်လေထွက်စစ်ဆေးဖို့အတွက် ကားတံခါးတစ်ချပ်ကို အရင်ဆုံးဖွင့်လိုက်ပါ။ပုံမှာပြထားပါတယ်။အဲ့ဒီလိုဖွင့်ထားတဲ့ အချိန်မှာ ကျန်တဲ့ တံခါးတစ်ချက်ကို ပုံပါအတိုင်း အနည်းငယ်ဟ ထားရုံပါပဲ၊အဲ့ဒီနည်းနဲ့ လေဝင်လေထွက်စနစ်ကို စစ်ဆေးနိုင်ပါတယ်။

4 Checking the oil quality.
အတွေ ့ အကြုံရှိတဲ့ ကားသမားတွေဟာ သူတို့ရဲ ့ ကားကို
ဆီ အနေအထား ဘယ်လောက်ရှိတယ်ဆိုတာ မကြာခဏဆိုသလို စစ်ဆေးတတ်ကြပါတယ်။ကားဆီစစ်တဲ့ နည်းလမး်ထဲကတော့ ပုံမှာပြထားတဲ့ အတိုင်းစစ်ဆေးတာဟာ အကောင်းဆုံးပါပဲ။ကားရဲ ့ အင်ဂျင်အပူလွန်ကဲပါက အောက်ဆီ ဟာ ခဏအတွင်းပဲ ပြတ်တောက်သွားနိုင်ပါတယ်။ဆီစစ်ဆေးတဲ့ နေရာမှာလည်း ၂ နည်းရှိပါတယ်။ပထမဆုံးအနေနဲ့ ကားစက်ပူနေတုန်း ဆီကို စစ်ဆေးတဲ့ ဂိတ်တံနဲ့ ထုတ်ယူပြီး စာရွက်ပေါ်မှာတင်ထားရမှာဖြစ်ပါတယ်။အဲ့ဒီနောက် ၂ နာရီလောက် ကြပါက စာရွက်ပေါ်မှာ ရှိတဲ့ ဆီကို သေချာစစ်ဆေးရမှာပါ။ဆီ
မှာ မည်သည့် အစက်အပြောက်မျှမရှိပဲ ချောမွတ်နေပါက ကောင်းမွန်ပါတယ်။ဒုတိယ တနည်းကတော့ စာရွက်ပေါ်တင်ထားတဲ့ ဆီမှာ အလယ်ကောင်က မီးခိုးရောင်ရှိနေတယ်ဆိုရင် ဒါဟာ ရေပါနေပါပြီ။လဲလှယ်ဖို့ လိုအပ်ပါတယ်။

5A clever glasses holde
ကားသမားတွေမှာ မတော်တဆ သတိမေ့တာတွေ နဲ့ ကားကို သတိထားမောင်းရတာကြောင့် အခြားသောပစ္စည်းတွေကို ဂရုမစိုက်အားပါဘူး။အဲ့ဒါကြောင့် မျက်မှန်တို့၊ကားပါကင်ထိုးတဲ့ အခါရတဲ့ တုံကင်တို့ကို ညှပ်ကလေးတွေနဲ့ ကားမျက်နှာကြက်မှာ ပုံထဲက အတိုင်း သိမ်းဆည်းသင့်ပါတယ်။အဲ့ဒီလုပ်ပြု လုပ်လိုက်ခြင်းအားဖြင့် ကားမောင်းရာမှာစိတ်ချလက်ချမောင်းနိုင်မှာဖြစ်ပါတယ်။

6 Get rid of the bright Sun.
ကားမောင်းသမားအများစုဟာ သူတို့ ရဲ ့ အတွေ ့ အကြုံအရ နေရောင်ကာကွယ်ဖို့ အတွက် အကာအကွယ်တွေသုံးတတ်ကြပါတယ်။ဒါကလည်း ကားမောင်းသူရဲ ့ အတွေ ့ အကြုံအရ မျက်လုံးကို အာထွာ ရောင်ခြည်ကနေကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
 

7 Nail polish can almost completely hide a small scratch on the car’s body.
အတွေ ့အကြုံရှိတဲ့ ကားသမားတွေကတော့ ကားပိုင်ဆိုင်ရတာဟာ မလွယ်ကူမှန်းသိပါတယ်။ကားနဲ့ပတ်သက်လို့အချိန်နဲ့ အမျှပြဿနာတွေလညး်ရှိနေတတ်ပါတယ်။အဲ့ဒါကြောင့် ကားရှိတဲ့ သူတွေသတိထားသင့်တာတွေကို ရေးသားဖော်ပြလိုက်ပါတယ်။ပထမဆုံးအနေနဲ့ ကားမှာ ခြစ်ရာ၊ပွန်းရာတွေဖြစ်ခဲ့ရင် အလွန်ကို ကသိကအောက်ဖြစ်စေပါတယ်။အဲ့ဒီလိုကားမျိုးဟာ ရောင်းဝယ်မယ်ဆိုရင်လည်း စျေးနှိမ်တာမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။အဲ့ဒါကြောင့် ကားမှာ လက်သဲရာကဲ့သိုခြစ်ရာတွေရှိပါက လက်သဲဆိုးဆေးလေးနဲ ့ အရောင်တူစွာ ပြန်လည် ခြယ်သသင့်ပါတယ်။
Read more...

ကွန်ပျုတာအမြဲကြည့်နေရသူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ မျက်စိလေ့ကျင့်ခန်း(၇)မျိုး

  • Published in News
ကွန်ပျုတာအမြဲကြည့်နေရသူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ မျက်စိလေ့ကျင့်ခန်း(၇)မျိုး
 
နာရီပေါင်းများစွာ ကွန်ပျုတာနဲ့အလုပ်, လုပ်နေရသူတွေဟာ ကြာလာရင်မျက်စိထိခိုက်လာမှာ စိုးရိမ်ရပါတယ်။ ခေါင်းကိုက်တာ၊
မျက်စိယားယံတာနဲ့ မျက်လုံးကျိန်းစပ်တာတွေ မကြာခဏဖြစ်ဖူးပါသလား ? မပေါ့ပါနဲ့။ ဒီမျက်စိလေ့ကျင့်ခန်းလေးတွေကို သေချာမှတ်ထားပြီး အားရင်အားသလို လုပ်ပေးပါ။

(၁) မျက်လုံးမှိတ်လိုက်ပါ
တံတောင်ကို စားပွဲပေါ်ထောက်ပြီး လက်ဖဝါးတွေနဲ့မျက်လုံးကို ခဏလောက်အုပ်ထားလိုက်ပါ။ ဒီလိုအနေထားတိုင်း ၂မိနစ်လောက်
မျက်လုံးမှိတ်ထားပေးပါ။ ပြီးရင် ပြန်မျက်လုံးပြန်ဖွင့်ကြည့်လိုက်... အမြင်တွေပြန်ကြည်သွားပါလိမ့်မယ်။

(၂) မျက်လုံးကို ဟိုဘက် ဒီဘက်ရွေ့ပေး
ခါးကိုမတ်လိုက်ပြီး ရှေ့တည့်တည့်ကိုကြည့်လိုက်ပါ။ ခေါင်းကိုမလှုပ်ပဲ ဟိုဘက် ဒီဘက်မျက်လုံးကို ကစားပေးပါ။ ကိုယ်မျက်လုံးရွေ ့တဲ့အပေါ်အာရုံစိုက်ပြီး ၅ကြိမ်လောက်လုပ်ပါ။ တဖြည်းဖြည်းသက်သာလာပါလိမ့်မယ်။

(၃) အပေါ်အောက် ကြည့်
အခုက အနေထားတိုင်းပဲ.. ခါးမတ်မတ်ထိုင်၊ ရှေ ့ကိုကြည့် မျက်လုံးကို အထက်၊ အောက်ကစားပေး။ ပြီးရင်  မျက်လုံးမှိတ်ထား။
နောက်တစ်ခါ အပေါ် ၊ အောက် ထပ်ကစားပေးပါ။ ဒါကိုတော့ အကြိမ်ရေ(၃)ခါပဲလုပ်ပေးပါ။
 

(၄) အောက်ဘေးဖက်ကိုရွေ ့
ခါးမတ်မတ်ထိုင်၊ ရှေ ့ကိုကြည့် အောက်ဘေးဖက်နဲ့ အရှေ့ဘေးဖက်ကို မျက်လုံးကစားပေးပါ။ ကိုယ့်မျက်လုံးအရွေ့ပေါ် သေချာအာရုံစိုက်ထားပေးပါ။ ဒါကိုလည်း အကြိမ်ရေ(၃)ကြိမ်သာလုပ်ပါ။

(၅) အနီးနဲ့ အဝေး
ပစ္စည်းတစ်ခုကို အနီးနဲ့ကပ်ပြီးသေချာစိုက်ကြည့်။ အကွာအဝေးက ၂၀ - ၃၀ စင်တင်မီတာလောက်ထားပါ။ ပြီးရင် အဝေးတစ်နေရာကို ကြည့်နေ။ အာရုံစိုက်ပြီး မျက်လုံးကခံစားရတာကိုသိနေပါစေ။ ပြီးရင် ထိုအနေထားတိုင်း (၃)ကြိမ်လောက်ပြန်လုပ်ပေးပါ။

(၆) နှိပ်နယ်ခြင်း (၁)
မျက်လုံးကိုမှိတ်လိုက်ပြီး သင့်ရဲ ့မျက်လုံးကိုတင်းကြပ်စွာစုလိုက်ပါ။ ဒီတိုင်း ၂ -၃ စက္ကန့်လောက်နေပါ။ မျက်လုံးနားတစ်ဝှိက် ကြွက်သားတွေ အနားယူပါစေ။ နောက်တစ်ခေါက် မျက်လုံးကိုပြန်စုံမှိတ်လိုက်ပါ။ ၁၀ကြိမ်လောက် လုပ်ပေးရပါမယ်။

(၇) နှိပ်နယ်ခြင်း (၂)
မျက်လုံးကိုမှိတ်လိုက်ပါ။ မျက်လုံးအပေါ်ပိုင်းကို လက်ညှိုးလေးနဲ့ စက်ဝိုင်းပုံစံ ဖွဖွလေးဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ အရမ်းအားမသုံးပါနဲ့။ စစလုပ်ချင်း (၁၀)ခေါက်လောက် စက်ဝိုင်းပုံစံနှိပ်နယ်ပေးရပါမယ်။
 
Read more...

TV တွေမရှိ ဖုန်းတွေမရှိ ဟိုး...အရင်ကလေးဘဝကို အလွမ်းပြေစေမယ့် မိခင်တဦးရဲ့ လက်ရာမှတ်တမ်းတွေ

  • Published in News
 
Niki Boon ဆိုတဲ့ အမျိုးသမီးဟာ စကော့တလန်က ဝါသနာအရ ဓာတ်ပုံရိုက်သူတယောက်ပါ။ ဘဝကံအကြောင်းကြောင်းကြောင့် ဓာတ်ပုံရိုက်ခြင်းကို စွန့်လွှတ်ခဲ့ရပေမယ့် နယူးဇီလန်နိုင်ငံ တောတန်းကျေးလက်ဒေသတခုမှာ အခြေချနေထိုင်ဖြစ်ရင်း ရင်သွေးလေးဦးမွေးဖွားလာခဲ့တဲ့အခါ ကျေးလက်တောရွာမှာ ကလေးငယ်တွေရဲ့ ပျော်ရွှင်လွတ်လပ်ပုံကို မှတ်တမ်းတင််ဖို့ ဓာတ်ပုံပြန်ကူးဖြစ်ခဲ့ပါတယ်။
 

နည်းပညာပစ္စည်းတွေနဲ့ ကင်းဝေးပျော်မွေ့နေကြတဲ့ ကလေးတွေရဲ့ "Technology-free" life ကို မှတ်တမ်းလက်ရာပြုထားတာကြောင့် "CHILDREN IN THE RAW" လို့ အမည်ပေးထားတဲ့ ဓာတ်ပုံ Album လေးကို ဖော်ပြပေးလိုက်ပါတယ်။
 
ကျွန်မကလေးတွေ တီဗီမရှိ၊ ဖုန်းမရှိ၊ ခေတ်မီ electronic ပစ္စည်းတွေ ဘာတခုမှမရှိပဲ ရှင်သန်ကြပါတယ်။
 

တချို့တွေအတွက် ပုံမှန်သမားရိုးကျ ဘဝပျော်မွေ့မှုပုံစံတော့ မဆန်လောက်ဘူးပေါ့လေ။
 
 
အခု ကျွန်မအရမ်းပျော်ပါတယ်။ ဒီလိုဒေသမှာ ဒီလိုလွတ်လပ်မှုနဲ့ ကိုယ့်ကလေးနဲ့ မိသားစုနဲ့... ပျော်မွေ့နှစ်ခြိုက်ရှင်သန်နေရတာ ကျွန်မအရမ်းကြည်နူးနေတာ။

ကလေးတွေရဲ့ ဖြတ်သန်းနေ့ရက်တွေကို ကျွန်မ မှတ်တမ်းတင်ထားခဲ့ပါတယ်။ သဘာဝထဲ ပျော်ဝင်... တသားတည်းနေထိုင်ရပြီး အချုပ်အနှောင်ကင်းမဲ့ စိတ်ရှိသလောက် သူတို့ ပျော်ရွှင်ဆော့ကစားနေတာတွေ။
 
 
ကလေးဘဝကတည်းက ပုံလေးတွေ။ ဘဝကို ဘဝလိုပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့တဲ့ ကလေးတွေရဲ့ ငယ်ဘဝ။
 
 
ပြီးတော့ တကယ့် အစစ်အမှန် ပျော်ရွှင်မှု .....
 
 
ကျွန်မရဲ့ အတိတ်မှတ်ဉာဏ်ထဲ သံမှိုနှက်ထားသလို စိတ်စွဲနေတဲ့ ကလေးဘဝဆိုတာကို အခုပြန်မြင်နေရပြီလေ။
 
 
အပူအပင်မဲ့လွန်း ပေါ့ပါးလွတ်လပ်လွန်း၊ အချုပ်အနှောင်ကင်းလွတ်လွန်းခဲ့တဲ့ ကျွန်မရဲ့ငယ်ဘဝလေး အတိုင်းပါပဲ။
 
 
အခု ကျွန်မကလေးတွေဆီ အမွေပြန်ပေးနိုင်ပြီဖြစ်တဲ့ ငယ်ဘဝလေးပေါ့။
 
 
ကျွန်မရိုက်ထားတဲ့ ဓာတ်ပုံတွေကြည့်ပြီး အဝေးစိတ်အာရုံထဲက ကိုယ့်ကလေးဘဝဆီ ကိုယ်စီခဏပြန်ပြေးလွှားနိုင်ခဲ့ကြမယ်ဆို ကျွန်မကျေနပ်မိမှာ။ ဟိုး...အရင်ဘဝ အလွမ်းပြေပေါ့လေ။
 
ကျွန်မကလေးတွေ ရွှံ့ဗွက်တွေထူပိန်းနေအောင်လူး ညစ်ပတ်ပေကျံပြီး အိမ်ပြန်ရောက်လာရင် ကျွန်မအပျော်ဆုံးအချိန်ပဲ။
 
သဘာဝတရားထဲ စိတ်ရှိသလောက် ခုန်ပေါက်ပြေးလွှား... ဘဝကို သဘာဝနဲ့ တသားတည်းဖြတ်သန်းရှင်သန်ခွင့်ရနေတဲ့ ကျွန်မရဲ့ကလေးတွေ။
 
လွတ်လပ်ကြစမ်း။ ပျံသန်းကြစမ်း။ တောထဲ မြေထဲ စိတ်ကို ရွက်လွှင့်ပစ်ကြစမ်း။ ကလေးတို့ရေ ဒါ မင်းတို့ရဲ့ကမ္ဘာပဲ။
 
ငယ်ရွယ်နုနယ်တဲ့ စိတ်ဝိဉာဉ်တွေ သဘာဝတရားဆီ နူးညံ့စွာ တိုးဝင်သွားရင်း.....
 
ကျေးလက်တောတောင်ဒေသဆိုတာ နေရထိုင်ရ လုပ်ရကိုင်ရ ရုန်းရကန်ရ များပြားပင်ပန်းလှတာတော့ အမှန်ပဲ။
 
စာနာစိတ်ထုထည်တွေ မပါးလျဖို့ ... တဖြည်းဖြည်းလွတ်လပ်ပွင့်လန်းလာရင်း... ပျော်ရွှင်ခြင်းဘယ်ကလာလဲ။
 
ဘဝအမြင်ဆိုတာ ကိုယ့်စိတ်ကိုယ် စီမံနိုင်ရေး။ သဘာဝလောကထံပါးက သူတို့သင်ယူနိုင်တာတွေ...သူတို့ဆီ စိမ့်ဝင်စီးဆင်းလာတာတွေ။
 
တန်ဖိုးရှိလှတဲ့ စိတ်အတွေးမှာတော့ သူတို့လေးတွေ ကိုယ့်တန်ဖိုး ကိုယ်အရှိတရားကို ကျေနပ်ပျော်ရွှင်နေဖို့၊ အေးမြငြိမ်သက်စွာ လက်ခံတတ်ဖို့....။
 
ကိုယ်စားတဲ့ အစာတွေ ဘယ်ကရလာသလဲ။ သေခြင်းတရားဆိုတာ..... ရှင်သန်ခြင်းဆိုတာ..... သူတို့ ကိုယ်စီပုံဖော်မှုနဲ့ ထွေးပွေ့သင်ယူခွင့်ရတာ။
 
 
Read more...

ကွန်ပျူတာနဲ့ ပတ်သက်လို့ သင်စိတ်ညစ်ရမည့်အချက်များ

  • Published in News

ကွန်ပျူတာနဲ့ ပတ်သက်လို့ သင်စိတ်ညစ်ရမည့်အချက်များ

1. They create more work

ကွန်ပျူတာ အများစုက လူကို အလုပ်ပိုရှုတ်စေပါတယ်။ကွန်ပျူတာက လာနေတဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ အီးလ်မေးတွေ နဲ့ အခြားသော ပြဿနာပေါင်းစုံအတွက် ဖြေရှင်းပေးရပါလိမ့်မယ်။တကယ်လို့ ကွန်ပျူတာမသုံးဘူးဆိုရင်တော့ ဒီဒုက္ခတွေက ကင်းလွတ်ပါလိမ့်မယ်။

2. Viruses

ကွန်ပျူတာ အသုံးပြု သူဟာ ကျွမ်းကျင်အဆင့်မဟုတ်ဖူးဆိုရင်တောင်မှာ ဗိုင်းရပ်တွေ ရဲ့ အန ္တရာယ်တော့ သိထားသင့်ပါတယ်။ကွန်ပျူတာတိုင်းလိုလို ဗိုင်းရပ်ကူးနိုင်ပြီး ကွန်ပျူတာကို ပိတ်ပစ်တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။ဗိုင်းရပ်ကို အင်တာနက်လိုင်းတွေ နဲ့ မန်မိုရီစတစ်တွေ ကနေတစ်ဆင့် ကူးလေ့ ရှိပါတယ်။

3. Computers Break to Easy

ကွန်ပျူတာအသုံးပြုသူတွေ အနေနဲ့ ဒက်တော့ ကွန်ပျူတာ(စားပွဲတင်) တွေ အတွက် ကတော့ ထူးထူးဆန်းဆန်းမပြောနိုင်ပေမဲ့ လက်တော့ ကတော့ ထိခိုက် လွယ်ပါတယ်။ဥပမာ - တစ်စုံတစ်ယောက် ကြောင့် ရေစို သွားမည်ဆိုပါစို ၊ဒါဆို လက်တော့ ကွန်ပျူတာရဲ့ မားသားဘုတ်လောင်သွားနိုင်ပါတယ်။နောက်တစ်ချက်က ဖိမိ ၊တိုက်မိတဲ့ အတွက် ကွန်ပျူတာ ရဲ့ မှန်တွေ ကွဲ ကြေတတ်ပါတယ်။

4. Hardware Issues

ကွန်ပျူတာ ရဲ့ အပြင်ပိုင်း ဟက်ဝဲလ်ပိုင်း ပြဿနာတွေ ကလည်းသုံးစွဲ သူကို ပြဿနာဖြစ်စေပါတယ်။ဥပမာ -ကွန်ပျူတာတစ်လုံးရဲ့ မားသားဘုတ်ပြဿနာဟာလည်း ထူးဆန်းနေတတ်ပါတယ်။တစ်ခါတလေ အ
ဆင်ပြေချင်ပြေမယ်။တစ်ခါတလေ သုံးလို့ ရချင်လည်းရတတ်ပါတယ်။

5. Software Issues

ကွန်ပျူတာတွေ မှာ ဆော့ ဝဲလ်တွေ ပြဿနာတတ်ရတဲ့ အကြောင်းအနည်းငယ်ရှိတတ်ပါတယ်။အဲ့ဒီပြဿနာ ဟာ ပြုပြင်ရေးဝန်ဆောင်မှု ကလည်း တစ်ခါတစ်ရံ ဖြေရှင်းပေးလို့ မရပါဘူး။ဥပမာ အနေနဲ့ ကွန်ပျူတာရဲ့ ဟက်ဝဲပိုင်း(သို့ မဟုတ်)အော်ပရေးတင်းစနစ်နဲ့ ကိုက်ညီမှု မရှိတဲ့ ဆော့ ဝဲလ်တွေ ဟာဆိုရင် သုံးစွဲ သူကို ဒုက္ခအကြီးကြီးပေးပါလိမ့်မယ်။

6. Computers Change to Fast

ကွန်ပျူတာတွေ နဲ့ နည်းပညာတွေ ကတော့ အပြောင်းအလဲမြန်လွန်းနေပါတ်ယ။တကယ်တော့ ကွန်ပျူတာ အသစ်ဝယ်တယ်ဆိုရင် လူတွေ အနေနဲ့ မကြာခင်မှာ ကွန်ပျူတာအသစ်ပေါ်လာတတ်ပါတယ်။ကွန်ပျူတာသုံးသူအနေနဲ့ ဟက်ဒစ်တွေ ၊ရမ်တွေ နဲ့ အော်ပရေးတင်းစနစ်တွေ အတွက် လိုအပ်သလို ပြန်လည် ပြု ပြင်ရတာမျိုးပြုလုပ်ရပါလိမ့်မယ်။

7. Computers can be Addictive

ကွန်ပျူတာတွေ ရဲ့ ထူးခြားချက်က ဆွဲ လန်း စေတတ်မှု လည်းရှိပါတယ်။အများအားဖြင် လူတွေ ဟာ စွဲလန်းမှု လို့ ပြောတာနဲ့ မူးယစ်ဆေးစွဲ လန်းတာကို ပြေးမြင်တတ်ကြပါတယ်။အဓိကအားဖြင့် ကွန်ပျူတာ ဂိမ်းတွေ ဟာ အလွန်ကို စွဲလန်းစေပါတယ်။

8. They can shut Down without Warning

ကွန်ပျူတာတွေ ဟာ ရုပ်ဝတ္တု ပိုင်းနဲ့ ဆော့ ဝဲလ်ပိုင်တွေ ချိတ်ဆက်ထားတဲ့ အတွက် အော်ပရိတ်တင်းစနစ်ကတော့ ပါရှိရပါတယ်။လျှပ်စစ်ပြတ်တော်တာမဟုတ်ပဲလျှက် ကွန်ပျူတာရဲ့ ဟက်ဝဲလ်ပိုင်း ဖြစ်စေ၊ဆော့ ဝဲလ်ပိုင်းဖြစ်စေ တစ်ခုခု ချို့ ယွင်းတာကြောင့် ကွန်ပျူ တာဟာ လျှပ်တပြတ် ရပ်တန့် သွားနိုင် ပါတယ်။လက်ရှိထွက်ပေါ်နေတဲ့ ဝင်းဒိုးစနစ်၊အော်ပရေးတင်းစနစ်သစ်တွေ မှာ ကွန်ပျူတာအတွက်လုပ်ငန်းလုပ်နေတဲ့ အခိုက်အတန့် မှာ ရပ်တန့် သွားလျှင် အတွင်းမှာ ရှိတဲ့ ဖိုင် စနစ်တွေ ကို အလိုလျောက်သိမ်းဆည်ပေးတဲ့ နည်းပညာတွေ တော့ ပါရှိလာခဲ့ပါပြီ။ဒါပေမဲ့ ကွန်ပျူ တာတွေ ဟာ အကြောင်းပြချက်မရှိလျှပ်တပြတ် ပိတ်သွားတတ်ပါတယ်။အများအခေါ်တော့ စက်လေးသွားခြင်း လို့ ခေါ်ကြတာပါ။

9. They need electricity

ကွန်ပျူတာပစ္စည်းတွေ ဟာ လျှပ်စစ်ပစ္စည်းတွေ ဖြစ်တာကြောင့် သူတို့ ဟာ လျှပ်စစ်ဓာတ် မဖြစ်မနေလိုအပ်ပါတယ်။မြန်မာနိုင်ငံ အနေနဲ့ ကတော့ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်တတ်တာကြောင့် အဲ့ဒီကိစ္စဟာ စိတ်ပျက်စရာဖြစ်တတ်ပါတယ်။

Read more...
Subscribe to this RSS feed

Follow us

Log in or create an account